အိမ်မဲမြို့၌ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ် အေးချမ်းစွာ ဖြေဆိုလျက်ရှိ

အိမ်မဲ  ၉ မတ်

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အထက-၁ တွင် ၆၆၂ ဦး၊  အထက- ၂ တွင် ၃၇၂ ဦး၊ အထက(ရွာသစ်)တွင် ၅၀၇ ဦး၊ အထက(ကြို့ကုန်း) တွင် ၄၉၆ဦး၊  အထက(တကူဆိပ်)တွင် ၁၉၀ ဦး၊ အထက(ဝါးတလုတ်ကမ်းနီ)တွင် ၁၉၃ ဦး၊ အထက(လူကောင်းကျွန်း)တွင် ၂၂၀ ဦး၊ အထက(ကျုံတလုတ်)တွင် ၁၂၅ ဦး စသည့် စာစစ်ဌာန ရှစ်ခုတို့တွင် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၇၆၅ ဦးတို့သည် မတ်လ ၉ ရက် နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

 

အိမ်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၁ အတွဲ-၂၊ အတွဲ-၇ ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ ၂၉၇၆ ဦးရှိသော်လည်း ၂၁၁ ဦးဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး၂၇၆၅ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၂ ဒသမ ၉၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် စောင့်ရှောက်ပေးလျက် ရှိကြောင်း ပြန်/ဆက်ဦးစီးဌာနမှ ပေးပို့ချက်အရ သိရသည်။

 

MDN