အိမ်မဲ  ၂၃  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကို ယခင်နှစ်များနှင့် မတူဘဲ ထူးခြားစွာဖြင့် ဗဟိုမဏ္ဍပ်တစ်ခုထားပြီး ယိမ်းအကများနှင့် အခြားဖျော်ဖြေရေးများပါ ထည့်သွင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဗဟိုမဏ္ဍပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့(၂)လမ်းတွင် ထားရှိမည်ဖြစ်ပြီး ယိမ်းအကများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စည်ပင်၊ ခလရ(၆၃)၊ လယ်ပေါ်ရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ ချောင်းဝပိုင်းရပ်ကွက်၊ တကောကျေးရွာ၊ ရေသိုးကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာနှင့် ကန်ကြီးဒေါင့်ကုန်းကျေးရွာတို့မှ စုစုပေါင်း ၁၄ ယိမ်းထွက်ပြီး မဟာသင်္ကြန်အကြိုနေ့ည ၆ နာရီတွင် ဖွင့်ပွဲပြုလုပ်၍ အကျနေ့မှစ၍ တစ်ညကို ၅ ယိမ်းစီ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မဟာသင်္ကြန်အတက်နေ့ညတွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ၈၅ နှစ်အထက် မြို့ပေါ် ၅ ရပ်ကွက်မှ အဖိုး အဖွား ၆၇ ဦးကို သက်ကြီးပူဇော်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

 

20190