အိမ်မဲ ၈ ဖေဖော်ဝါရီ
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းကို အမက−ချောင်း၀ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူ ဒေါ်ဌေးဌေးလှိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး အကြောင်းများ ဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာရီတင်က ပြည်ထောင်စုနေ့ အစဉ်မမေ့ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား ကျောင်းသူလေးများအား စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ပြီး၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးပြသပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ ဆရာမများ စုစုပေါင်း(၁၀၀)ကျော်က စိတ်၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်(အိမ်မဲပြန်/ဆက်)


