အိမ်မဲ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မာလကာကုန်း (အရှေ့စု) ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားအား ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တာဝန်ရှိသူများက အမြင့်တင်ရေစင်အား အမွှေးနံ့သာပက်ဖျန်းပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင့် ရွာတွင်းလမ်း ကွန်ကရစ်ခင်း ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါလုပ်ငန်းများမှာ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းဖြစ်သော (VDP) ထောက်ပံ့ငွေကျပ် သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ဖြင့် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်း အရှည် ပေ ၁၄၅၀၊ ၂ လက်မပိုက်နှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် ၆၆၇ ပေ၊ လမ်းအကျယ် ၆ ပေ၊ ထု ၆ လက်မ ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)


