အိမ်မဲ ၆ ဇန်နဝါရီ       

 

ဧရာဝတီတိုင်းဒေသကြီး၊     မြောင်းမြခရိုင်၊   အိမ်မဲမြို့နယ်  မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၆ရက် နံနက် ၆ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

11

 

အဆိုပါယာဉ်များ  စစ်ဆေးရာတွင် မော်တော်ယာဉ် နှင့် ထော်လာဂျီယာဉ်များယာဉ်စည်းကမ်းနှင့်အညီ သတ်မှတ်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ယာဉ်နှင့်အတူပါရှိရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊ မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              

ဌေးဌေးလှိုင်(ပြန်/ဆက်)