အိမ်မဲ  ၂၀  ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် တစ်လုံးထိုးအင်ဂျင် စက်ပြင်သင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ တစ်လကြာမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ စာတွေ့လက်တွေ့ သင်ကြား ပေးမည်ဖြစ်ရာ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ ဖုန်း ၀၄၂-၈၅၇၆၆၊ ၀၉-၇၇၇၆၆၆၀၉၇၊ ၀၉-၇၇၇၉၈၂၈၇၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အိမ်မဲမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)