အိမ်မဲ  ဖေဖော်ဝါရီ  ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  “သတင်းစကား” လက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၁၀ ရက်က အိမ်မဲမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ အခမဲ့ဖြန့်ဝေခဲ့သည်။

 

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပသော ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သော မိန့်ခွန်းကောက် နုတ်ချက်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့  ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ် နဲ့ဟူသည့်ကဗျာ၊ ကာတွန်းနှင့်ဆောင်ပုဒ်များပါဝင်သည်။ အဆိုပါလက်ကမ်းစာစောင်များကို  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့်ဝန်ထမ်းများက စောင်ရေ(၄၅၀)အားအခမဲ့  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)