အိမ်မဲ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်များကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်က ကြာထော်ညောင်ချောင်း ကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ် ၁၀၉ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၅၅ ခုတို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ကြာထော်ညောင်ချောင်း ကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့်၊ လဲလှယ်/မိတ္တူ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် ၁၀၉ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၅၅ ခုတို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)


