အိမ်မဲ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၃ ရက်က ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုဝင်ဘာလအတွက် အငြိမ်းစားဝန်ထမ်း ၁၆၀၀ ကျော် ထုတ်ယူရန် စာရင်းရှိကြောင်း၊ ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီအထိ အငြိမ်းစား ဝန်ထမ်း ၁၈၀ ကျော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)


