အိမ်မဲ ၂၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မရမ်းပင်ကျေးရွာအုပ်စု ငဖျင်းသလက်ကျေးရွာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူကောင်းကျွန်း ကျေးလက်ကျန်းမာရေးဌာန၊ မရမ်းပင် ကျေးလက်ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများက ငဖျင်းသလက်ကျေးရွာတွင် Mobile clinic ဖွင့်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးပေးခြင်း၊ မကူးစက်တတ်သော ရောဂါများ၊ TB ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့ကို ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


