အိမ်မဲ ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံသို စေတနာရှင်အလှူရှင်များက မတ် ၂၅ ရက် နံနက် ၉ နာရီက အောက်စီဂျင်အိုးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောက်စီဂျင်အိုးများကို တာချီလိတ်မြို့ ဝမ်ပိုဆိပ်ကမ်းနေ ကွယ်လွန်သူ ဦးမြင့်မော်အား ရည်စူး၍ ဒေါ်ဌေးဌေးမြင့် မိသားစုက အောက်ဆီဂျင်အိုး (၅)လုံး လှူဒါန်းရာ မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ အလားတူ ဇန်နဝါရီ ၁၂ ရက်ကလည်း အိမ်မဲမြို့ ပျံကျဈေးသည်များက စုပေါင်း၍ အောက်စီဂျင်အိုး (၆)လုံး လှူဒါန်ပေးခဲ့ကြောင်းနှင့် အောက်စီဂျင်အိုးများမှာ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အမှန်တကယ်လိုအပ်နေကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


