အိမ်မဲ  ၁၅   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပို ဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင် က ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးမည့်အစီအစဉ်များ ကိုပရိုဂျက်တာဖြင့်အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

 

"အိမ်မဲမြို့နယ်မှာ ကာကွယ်ဆေးထိုးစုရပ်ပေါင်း ၁၉၁ ခု၊ ဆေးထိုးအဖွဲ့ပေါင်း ၄၅ ဖွဲ့ က ကလေးငယ် ၁၁၆၂၁ ဦးကို ၄ ရက်ကြာထိုးနှံပေးမှာပါ။ ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေးကို ထိုးဖူးသည်ဖြစ်စေ မထိုးဘူးသည်ဖြစ်စေ (၂၅-၅-၂၀၁၄)မှ (၂၅-၂-၂၀၁၉)အတွင်း မွေးဖွားသူတစ်နည်းအားဖြင့် အသက် ၉ လမှ (၅)နှစ် (၆)လ မကျော်သူများကို ထိုးနှံပေးမှာဖြစ်ပြီး မြန်မာနိုင်ငံ၌(၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုး ရောဂါကင်းဝေး၍ မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်စေရန်၊ မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း'' မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင် ပြောပြချက် အရ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)