အိမ်မဲ ၂၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ (၁) လမ်းတစ်လျှောက် ယာဉ်စည်းကမ်းလိုက်နာခြင်း မရှိသော မော်တော်ဆိုင်ကယ်များကို မြောင်းမြယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးအရေးယူခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို မြောင်းမြယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးလှထွန်းနှင့်အဖွဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်စီးချိန်၌ ဆိုင်ကယ်စီးဦးထုပ်နှင့် နောက်ကြည့်မှန်မပါဘဲ မောင်းနှင်ခြင်းတို့ကို စစ်ဆေးအရေးယူခဲ့ကြောင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးအရေးယူခြင်းများကို မြို့နယ်အတွင်း ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


