အိမ်မဲ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အတွက် နိုင်ငံတော်အဆင့်ရွေးချယ်ခံရသည့် လူရည်ချွန်မောင်မယ် ငါးဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်မဲမြို့အဝင်၌ ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများဖြင့် ကြိုဆိုကြသည်။
ထို့နောက် ဂုဏ်ပြုပွဲကို အထက (၂) ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုစကား ပြောကြားပြီး လူရည်ချွန်မောင်မယ်များက အပန်းဖြေစခန်းအသီးသီး၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက လူရည်ချွန်များအတွက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)


