အိမ်မဲ   မတ်   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မုန်တိုင်းကင်းရှင်းသွားပြီဖြစ်၍ မတ် ၂၄ ရက် နံနက်ပိုင်းက စတင်ကာ မော်တော်ယာဉ်များ၊ ရေယာဉ်များ၊ ပြည်သူများ ပုံမှန်သွားလာလျက်ရှိသည်။

"အိမ်မဲမြို့နယ်မှာ ကျေးရွာအသီးသီးကနေ မြို့ပေါ်ကို လိုင်းပြေးတဲ့ သင်္ဘောအစီး ၂၀ ကျော် ရှိပါတယ်၊ မတ် ၂၂ ရက်က မုန်တိုင်းအန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် လိုင်းတွေကို ခဏရပ်နားထားခိုင်းတာ ဖြစ်ပါတယ်၊ ယခုအချိန်မှာ မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီဖြစ်တဲ့အတွက် လိုင်းတွေ ပုံမှန် ပြန်ထွက်နေပါပြီ”ဟု မြို့နယ်ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ကိုဇော်မြတ်မိုးက ပြောပြသည်။

ချစ်သက်လယ်(ပြန်/ဆက်)