အိမ်မဲ ဇူလိုင် ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ကျေးရွာများတွင် မိုးစပါးစိုက်ပျိုးသည့်ရာသီ၌ စပါးပင်များကို ရွှေခရုများ ကိုက်ယူစားသုံးမှု မဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ ဇူလိုင် ၈ ရက် နံနက်ပိုင်းက အသိပညာပေး ဟောပြောပြောခြင်းနှင့် ကောက်ယူနှိမ်နင်းပွဲများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းများကို တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်လဲ့လဲ့ခိုင်နှင့်အဖွဲ့၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဒေါ်ခင်ဌေးမြင့်၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံနှင့်ဝန်ထမ်းများက ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဝဲကြီးဝ၊ ကညှင်ကွင်း၊ ကျုံကနိ၊ ရွာသစ်၊ ကွင်းယားတံခွန်တိုင်၊ ပဒက်၊ သာကွင်း၊ ကျားနဖူး စသည့်ကျေးရွာများတွင် ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ကာကွယ်နည်း၊ နှိမ်နင်းကုသနည်း၊ လက်လုပ်နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း၊ ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း တို့ကို ဟောပြောခဲ့ပြီး ကျေးရွာအသီးသီးရှိ လူထုအင်အားဖြင့် ရွှေခရုကောက်ယူနှိမ်နင်းခြင်းကို စုပေါင်းဆောင်ရွက်ကာ ကျန်ရှိသောကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)