အိမ်မဲ စက်တင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ကျောင်း၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်နည်းပြ သင်တန်းသင်ကြားနေမှုများကို ယနေ့ နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် နည်းပြသင်တန်း သင်ကြားနေမှုများကို မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်းရေးမှူး ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မေးမြန်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

“သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းနှင့်မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်သော စီမံကိန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း” လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရ သိရသည်။

 

အဆိုပါသင်တန်းကို အထူးနည်းပြသင်တန်း တိုင်းဒေသကြီး(ပုသိမ်)တွင် တက်ရောက်ခဲ့သော ဆရာ(၁)ဦး၊ ခရိုင်နည်းပြသင်တန်းတွင် တက်ရောက်ခဲ့သည့် ဆရာ/မ(၉)ဦးတို့မှ သင်တန်းသား/ သင်တန်းသူ (၁၆၆)ဦးကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ အ.ထ.က(၂) ကျောင်းတွင် ဆင့်ပွား ပြန်လည်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)