အိမ်မဲ ဇွန် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စွန့်ပစ်အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက အလက(ခွဲ)ညောင်ဝိုင်း၌ ပြုလုပ်သည်။

 

ဦးစွာ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အမှိုက်ပုံးလေးမျိုးဖြစ်သော အမှိုက်စို(အစိမ်းရောင်)၊ အမှိုက်ခြောက် (အဝါရောင်)၊ ဘေးအန္တရာယ်ရှိအမှိုက် (အနီရောင်)၊ ပလတ်စတစ်အမှိုက်(အပြာရောင်) စသည့် အရောင်ခွဲခြားမှုများ နှင့် စွန့်ပစ်ရမည့်အမှိုက်အမျိုးအစား အကြောင်းတို့ကို ပြောကြားသည်။

 

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ကျောင်းသား ကျောင်းသူများအား စွန့်ပစ်အမှိုက် လေးမျိုးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အမှိုက်ပုံး လေးမျိုးထဲသို့ လက်တွေ့အမှိုက်စွန့်ပစ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)