အိမ်မဲ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ဒီဇင်ဘာ ၁၀ ရက် ယနေ့တွင်  ပြည်သူများ ပုံမှန်စည်ကား သွားလာလျက်ရှိကြောင်းသိရသည်။

"လူမှုကွန်ရက်စာမျက်နှာမှာတော့ အမျိုးမျိုးရေးတင်နေကြတာ တွေ့ရတာပဲ၊ ကျွန်တော်အပါအဝင် လက်လုပ် လက်စားသမားတွေ စျေးရောင်း၊ စျေးဝယ်တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်ပြီး လုပ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့စီးပွားရေးပဲ ထိခိုက်မှာလေ။ အခု အရင်နေ့တွေလိုပါပဲ ပုံမှန်သွားလာ နေကျတာပါပဲ" ဟု အိမ်မဲကြီးရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒီဇင်ဘာ၁၀ရက်နေ့၌ လူများ၊ ယာဉ်များက လမ်းပေါ်သို့မထွက်ရန် မမှန်မကန် ဝါဒဖြန့်လှုံ့ဆော်ရေးသားခြင်းများရှိခဲ့ပြီး အိမ်မဲမြို့နယ်၌ ယခင်နေ့များအတိုင်း မြို့မစျေး ကြီး၌ စျေးရောင်းစျေးဝယ်များ၊ ကျေးရွာများမှ စျေးတက်ဝယ်ကျသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

အိမ်မဲ (ပြန်/ဆက်)