အိမ်မဲ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ မြို့နယ်တွင်း(၂၀)ဦး၊ မြို့နယ်ပြင်ပ(၄)ဦး စုစုပေါင်း(၂၄)ဦးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ(၁၉)ရက်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာ(၉)ဦး အား Covid-19 Treatment Center(ရွာသစ်)နှင့် ကျန်ပိုးတွေ့လူနာ(၁၅)ဦးအား Covid-19 Treatment Center(အိမ်မဲမြို့ရွှေလင်းယုန်အားကစားကွင်း)တွင် လိုအပ်သော ဆေးဝါးကုသမှုများခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား  ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ဇွန်လ (၂၅)ရက်နေ့မှ ဇူလိုင်လ(၁၉)ရက်နေ့ညအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၂၂၁)ဦး ဆေးရုံဆင်းလူနာ(၉၃)ဦး၊ လက်ရှိကုသမှုခံယူနေသူ(၁၂၄)ဦး၊ သေဆုံးလူနာ(၈) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦစီးဌာနမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)