အိမ်မဲ  မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို မတ် ၁၆ ရက်၊ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့သည်။

အသိပညာပေး နံရံကပ်စာစောင်ပြသရာတွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် တာဝန်(၃)ရပ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိသတ် လူကြီး၊ လူငယ်များ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင် 
အိမ်မဲ(ပြန် /ဆက်)