အိမ်မဲ  ၂၅  မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင်မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်းနေအိမ်ပြင်ပ ထွက်သူများအား mask တပ်ဆင်ခြင်းမရှိပါက'' ယခုဝယ်၊ ယခုတပ်'' စနစ်ဖြင့် (တတိယနေ့)အဖြင့် အရေးယူခြင်း ကို မေလ ၂၅ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်တီက အဖွဲ့(၃)ဖွဲ့ ခွဲ၍ မြို့မဈေးရှေ့၊ CB ဘဏ် ရှေ့ ၊ မြို့အဝင်တို့တွင် သွားလာနေကြသော ပြည်သူများအား mask ကို စနစ်တကျ မတပ်ဘဲ မေးစေ့အောက်တွင် ချထားသူများ၊ mask မတပ်သူများကိုစစ်ဆေး ၍တွေ့ရှိပါက ''ယခုဝယ်၊ယခုတပ်'' စနစ်ဖြင့် mask (၃)ခုပေးကာ ဒဏ်ငွေကျပ် ၃၀ဝ၀ ပေးဆောင်ရကြောင်း သိရသည်။

 

အဆိုပါအဖွဲ့ (၃)ဖွဲ့ မှ မြို့နယ်အတွင်း မနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ်၊ ညနေတစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)