အိမ်မဲ ၂၀ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် နှစ်ပေါင်း (၁၀ဝ)တိုင် ပျောက်ကွယ်နေသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဖြစ်သည့် ပြည်တောင်စု အဆင့် ကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်သက္ကရာဇ် ၂၇၅၈ နှစ်မြောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်၌ ပထမအကြိမ် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်မတိုင်မီ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ စတိတ်ရှိုး၊ ကရင်စာပေ ကဗျာပြိုင်ပွဲများ၊ ဒုံးယိမ်း အကများဖြင့် ဖျော်ဖြေကြမည်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက် နံနက် ၆ နာရီတွင် အလံတင်အခမ်းအနားနှင့် နှစ်သစ်ကူး ကောက်သစ်စားပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ယင်းပွဲတော်ကို ကရင်အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုကျင်းပရန်၊ ကရင်ဘဝ ဓလေ့နှင့် ကိုက်ညီစစ်မှန်သည့် ကရင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကောင်းများကိုဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ရှေးရှုကျင်းပရန်၊ မျိုးဆက်သစ် ကရင်အနာဂတ်အဆက်အသွယ်လူငယ်မောင်မယ်များမိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ စာပေစကားများကို မြတ်နိုးတန်ဖိုးထားပြီး ဖော်ထုတ်မြှင့်တင်လိုသော အသိစိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်စေရေးအတွက် လက်တွဲ ကူညီကျင်းပရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်