အိမ်မဲ ၈ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ (၁၆၂)ရုံကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီအချိန်ကတစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေကွာဖြင့် တန်းစီစောင့်ဆိုင်းစေပြီး  နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့်မပါရှိသူများကိုနှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ မဲရုံအဝင်တွင်လည်း အပူချိန်တိုင်းခြင်း ဟန်းဂျယ်များဖြင့်လက်ဆေးခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။

အိမ်မဲမြို့နယ် အနေဖြင့် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၌ မဲရုံပေါင်း(၁၆၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား(၇၂၉၇၈)ဉီး ၊မ(၇၈၆၁၄)ဉီး ၊စုစုပေါင်း (၁၅၁၅၉၂)ဉီး ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)