mdn

အိမ်မဲ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ အိမ်မဲချောင်းအတွင်း၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါကကူညီကယ်ဆယ်ရေးဇတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာလ ၉ ရက်နံနက် ၈ နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။


"အိမ်မဲမြို့နယ်အတွင်းရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ဖို့အတွက် ကြိုတင်သရုပ်ပြလေ့ကျင့်ထားတာဖြစ်ပါတယ်၊အခြားသောသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်လည်းဘေးအန္တရာယ်ဖြစ်တဲ့နေရာကိုအချိန်မှီရောက်အောင်သွားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ဖို့ပြင်ဆင်ထားရှိကြောင်း"မြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးပြောသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကချောင်းအတွင်းရေနစ်နေသူအားကူညီကယ်ဆယ်ပေးပုံအဆင့်ဆင့်ကို သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့ကြောင်းသိရသည်။

ယင်းအခမ်းအနားသို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးခိုင်ထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)