အိမ်မဲ ၄ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို မတ်လ  ၃ ရက် နေ့လည် ၁၂ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် ကပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပန်းချီပြိုင်ပွဲ ကျင်းပရာ အထက(၁)ကျောင်းသား/သူ(၂၀)ဦး ပါဝင်ဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူလေးများကို ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)