အိမ်မဲ ၁၀ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် အကြိမ်(၃၀)မြောက် စုပေါင်းဘုံကထိန်နှင့် ပဒေသာပင် လှည့်လည်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီ ခွဲက မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စုပေါင်းဘုံကထိန်လှည့်လည်ရာတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်များ၊ ဘဏ်များမှ စုစုပေါင်းပဒေသာပင် ၅၇ ခုနှင့် မြို့နယ်အတွင်း အိုးစည်ဗုံမောင်း အတီးအကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ပြီး မဲပေါက်သည့် ဘုန်းကြီးကျောင်းအသီးသီးသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ပဒေသာပင်များမှ ပစ္စည်းနှင့်ငွေစုစုပေါင်း တန်ဖိုးကျပ် ၂၅,၄၅၁,၄၀၀ ရှိပြီး ယခင်နှစ်က စုစုပေါင်း ကျပ် ၂၃,၄၄၄,၈၀၀ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)