အိမ်မဲ   ၈    နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ခုတင်(၅၀)ဆံ့နှစ်ထပ်တိုးချဲ့ဆောင် သစ်နှင့် ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

3

 

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်နှင့်မြို့မိမြို့ဖ ဦးသိန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း ကအဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ရပ်မိရပ်ဖ ဆရာကြီးဦးထိန်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက တိုးချဲ့ဆေးရုံအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)