အိမ်မဲ ၂၀ မေ

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ် အသိပညာ​ပေး နံရံကပ်စာ​စောင်များ ယနေ့နံနက်တွင် မြို့နယ်ရုံးမြေစိုက်ဘုတ်၌ကပ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် အခြားရောဂါများ၏ ကာကွယ်ပုံများ၊ သဘာဝဘေးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်များကို ကြုံတွေ့လာသည့်အခါ တုန့်ပြန်ဆောင်ရွက်နိုင်ရန် နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိစေရန် အသိပညာပေး ပြသပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)