အိမ်မဲ  ၁၉  သြဂုတ်


မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ခြင်းနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်သန္တာတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုမျိုးမင်းပိုင်က မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒဆိုင်ရာ မိတ်ဆက်ရှင်းလင်းပြီး ရှေ့လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ မြောင်းမြခရိုင် ကိုယ်စားလှယ် ကိုရဲပိုင်က မြန်မာနိုင်ငံ၏ လူငယ်ရေးရာ မူဝါဒဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းပေးခဲ့ပြီး အိမ်မဲမြို့နယ် လူငယ်ရေးရာ ကော်မတီကို စုစုပေါင်း (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ)