အိမ်မဲ  ၁၅  မေ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ပဲ သွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ ညနေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ပဲ သွားလာနေကြသော ပြည်သူများအား ရှောင်တခင် စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

 

အိမ်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးအသိဖြင့် နှာခေါင်းစည်းများကို ရာနှုန်းပြည့် တပ်ဆင်သွားလာလျက်ရှိကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)