အိမ်မဲ   ၁၁ စက်တင်ဘာ

 

အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်ကျွတ်ရုံးပိတ်ရက် စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီက ဘုရားဖူးလာပြည်သူများ၊ ဈေးဝယ်ထွက်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

 

mdn

 

ဘုရားဖူးလာပြည်သူများက ရှင်ပင်ချမ်းသာကြီးရွှေကျောင်းတော်အရှေ့ ကရဝိတ်ဖောင်တော် ရင်ပြင်တွင် အပန်းဖြေလေကောင်းလေသန့် ရှုရှိုက်ကြပြီး စိတ်ချမ်းမြေ့စွာဖြင့် ဘုရားဖူးကြပြီး ဘုရားကို ရေသပ္ပယ်ခြင်း ဆီမီးထွန်းခြင်း အမွေးတိုင်ထွန်းခြင်းဖြင့် ကုသိုလ်ဘာဝနာ များပွားများနေကြကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)

 

mdn