၄ ဇန်နဝါရီ
ကချင်တိုင်းရင်းသူအမျိုးသမီးအဆိုရှင်၊ L ဂျာဆိုင်းဘန်၏ ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်သည့် " လွမ်းလို့ " ဟု အမည်ပေးထားသောစီးရီးကို Bo Bo Music တေးထုတ်လုပ်ရေးကနေ ၁၂ ရက်နေ့တွင် စတင်ဖြန့်ချိသွားမည်ဟု သိရသည်။
အဆိုပါ တေးစီးရီးကို အိမ်မက်ဆုံရာ အစီအစဉ် (၆) ကတည်းက စိတ်ကူးပုံဖော်ခဲ့ပြီး၊ ငွေကြေး အခက်အခဲတွေကြောင့် မိမိဝါသနာကို ရှေ့တန်းမတင်နိုင်ဘဲ၊ ဂီတအလုပ်တွေကို ကြိုးစားလုပ်ကိုင် အရင်းတည်ရင်း ရရှိလာသည့် အနုပညာကြေးများနှင့် ပထမဆုံး တစ်ကိုယ်တော်ခွေ ထွက်ရှိလာခဲ့ကြောင်း သိရသည်။
"ညီမရဲ့” "လွမ်းလို့" တေးစီးရီးခွေလေးက ပိုက်ဆံပြန်မရနိုင်မှန်းသိပါတယ် ဒါပေမဲ့ ညီမဘဝအတွက် မှတ်တိုင်လေး တစ်ခုဖြစ်ချင်လို့ပါ။ ဒီအခွေကို ၂၀၁၆ ခုနှစ်ကုန်လောက်က စလုပ်ခဲ့တာပါ။ Copy သီချင်း "နင်ပျော်မယ်ဆို" နဲ့ "သိများသိမလား"ဆိုတဲ့ သီချင်းနှစ်ပုဒ်ပါ။ တေးရေးတွေက စောခူဆဲလ်၊ ဆလိုင်း၊ မင်းသခင်၊ အောင်မြင့်မြတ်၊ အားဆမ်၊ အဆိုင်း(Open Door)၊ ဂျာဆိုင်းတောင်၊ စနိုး၊ နန်ပန်အောင် တို့ ရေးထားတဲ့သီချင်း(၁၁)ပုဒ် ပါပါတယ်။ Music Video လေးတွေတော့ တစ်လတစ်ခါလောက် တင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ MTV တော့မလုပ်ဖြစ်တော့ပါဘူး"ဟု ဆိုသည်။
တေးစီးရီးကို ဇန်နဝါရီ ၁၂ ရက်နေ့တွင် Bo Bo Entertainment မှ ဖြန့်ချိမှာဖြစ်ပြီး ပရိုမိုးရှင်းကိုလည်း လှည်းတန်းစင်တာ၌ (၁၂)ရက်နေ့ (၃)နာရီမှ (၇)နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း