ရန်ကုန် ၂၈ သြဂုတ်
ယခုလ ၂၉ ရက် မှာစတင်ပြီး အဆိုတော် ဖြိုးပြည့်စုံနှင့် အောင်ထက်တို့ ဂီတညီအစ်ကို နှစ်ဦး ပါဝင်သီဆိုထားသာ " ကြယ်" ဟုအမည်ပေးထားသောတေးစီးရီးကို M United မှာ ဖြန့်ချီမည် ဟုသိရရှိရသည်။ အဆိုပါ တေးစီးရီး ခွေကို ဖန်တီကြသည့် လူငယ်ဂီတသမား (၂) ဦးဟာဆိုရင်ဖြင့် ၊အဆိုတော်ဖြိုး ပြည့်စုံသည် " ၂၀၁၀ ခုနှစ်က " သံစဉ်များ နဲ့ကမ္ဘာ" တေးသီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကကိုဝင်ရောက်ခဲ့သူဖြစ်ပြီး ၊ အဆိုတော် အောင်ထက်အနေဖြင့်၂၀၁၀ တွင် ပြိုင်ပွဲတွေနှင့် ကြိုးစားနေသူ တစ်ယောက်အဖြစ်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကပြုလုပ်သည့် " အိမ်မက်ဆုံရာ ရာသက်ပန်" သီချင်း ဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ရောက်လာခဲ့ပြီး ၊အဆိုတော် ဖြိုးပြည့်စုံအနေဖြင့် ထိုအချိန်တွင်" မျှော်နိုင်သမျှ " တေးစီးရီးကို ထွက်ရှိခဲ့ချိန်ဖြစ်သည်။
ဖြိုးပြည့်စုံ
" အဆိုတော် တွေ အပြင်မှာ ဘယ်လောက်ဘဲ သီချင်းတွေ ဆိုပါစေ ၊ အခွေထွက်ရင် ပရိသတ် အားပးဘို့ဆိုတာမလွယ်ကူးတဲ့ အချိန်ပါ ။ဈေးကွက်အရရော ၊ စီးပွါးရေးအရဆို တော်တော်ကို အဆင်မပြေကြတာပါ ၊ ဒါပေမယ့်လည်း ပရိုဂျူဆာ တွေအနေနဲ့ ကိုယ်တွေရဲ့ ဂီတကိုတန်ဘိုးထားတဲ့အတွက် အရူံးခံပြီး ထုတ်ပေးနေတာကိုလည်း သိပါတယ် ၊ သီချင်းလေးတွေ အားလုံးကိုလည်း သေချာမကြိုက်မချင် ကျွန်တော်တို့ ရွေးချယ်ထားပြီး လုပ်တာမို့ ၊ပရိသတ်အတွက် အကြိုက် တွေ့မယ်လို့ ထင်ပါတယ်၊ ကျွန်တော် တို့ နှစ်ယောက် လာတဲ့နေရာ မတူပေမယ့် ၊ကြိုးစားမှုချင် ကတော့ အတူတူပါဘဲ ၊ ကျွန်တော် တို့ ကြိုးစားမူလေးကို အသိအမှတ်ပြုပေးပါလို့ ပြောပါရစေ"
အောင်ထက်
" ကျွန်တော် တို့ နှစ်ဦး ရဲ့စိတ်ကူးလေးတွေကတစ်ယောက် နဲ့ တစ်ယောက်တူကြတယ် ၊ ကျွန်တော်ကလည်း ၊ပြိုင်ပွဲက တက်လာတဲ့သူဖြစ်တယ် ၊ဖြိုးပြည့်စုံကလည်း ၊ဒီလိုဘဲ အဲ့တော့ နှစ်ယောက်သားတူညီတဲ့ အတွေးတွေပေါင်းစပ်မိပြီ အခုလို ကြယ်ဆိုတဲ့ သီချင်းလေးဖြစ်လာတာပါ ၊ ဒီသီချင်းလေးက ကျွန်တော်တို့ နှစ်ယောက်ထဲကို ပြောတာမဟုတ်ပါ ၊ ဂီတလောကထဲမှာရှိတဲ့ မောင်နှမတွေအကုန်လုံးအတွက် ရည်ညွန်းပြီး ၊ကျွန်တော်တို့ ဖန်တီးထားတာပါ ၊ ကိုယ် တိုင် ရေးထားတဲ့ ၊ကိုယ်ပိုင်သံစဉ်သီချင်းလေးပါ ၊ ပရိသတ်တွေကို ကျွန်တော်တို့ ပုံစံကွဲလေးတွေတင် ဆက်ချင်တာကြောင့်လည်း အခုလို ဖန်တီးဖြစ်ခဲ့တာပါ "ဟု ပြောဆိုသည်။
အဆိုပါ တေးစီးရီးတွင် တေးသီချင်း ( ၁၂ ) ပုဒ်ပါဝင်ပြီး ၊တေးသီချင်းများကို တေးရေး - စောခူ ဆဲလ် ၊ အောင်ထက် ၊ဝေကြီး ၊ စည်သူမင်း၊ ကီးရှိန်းတို့ရေးသားထားသောတေးသီချင်းများ ပါဝင်ကြောင်း သိရသည် ။
ကိုလင်း