ဂျကာတာ  ဇွန်  ၅

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ်များ တိုးလာခြင်းကြောင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုသည်  ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင် အား ဇွန်  ၅  ရက်က  ဂျကာတာရှိ  နိုင်ငံတော်နန်းတော်သို့ ဆင့်ခေါ် ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတွင်းသို့ ကိုဗစ်-၁၉  မျိုးကွဲအသစ်များ ဝင်ရောက်လာခြင်းကို   တားဆီးရန်နှင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းလာစေရန် မဟာဗျူဟာ အစီအမံများကို ဆွေးနွေးခဲ့ကြောင်း   ဆာဒီကင်က  ပြောကြားခဲ့သည်။   ပြည်သူများ  စိုးရိမ် ထိတ်လန့်နေစရာမလိုကြောင်းနှင့် မျိုးကွဲသစ်များသည် အားအတော်ပျော့သော်လည်း   သတိထား နေရန်  အရေးကြီးသည်ဟု နန်းတော်မှထွက်ခွာပြီးနောက် ဆာဒီကင်က ပြောကြားခဲ့သည်။

ဆင်ဟွာ