၁၂ မေ

အိမ်ဖြူတော် ဝန်ထမ်းနှစဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ပြီးသည့်နောက်တွင် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံး နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် အပတ်က သမ္မတနှင့် ဒုသမ္မတ မိုက်ပန့်ခ်တို့၏  အနီးတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းနှစ်ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ကြောင်း ‌တွေ့ရှိခဲ့ရသည်။

 

အစိုးရအဖွဲ့၏ အဓိက အရေးပါသည့် အဖွဲ့ဝင်များသည်  ရောဂါကူးစက်ခံရပြီးနောက်တွင် ၎င်းတို့သည် ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်  သီးခြားခွဲ၍ နေထိုင်ခဲ့သည်။

 

ရုံးတက်ရန်လာသည့် ဝန်ထမ်းများကို နှာခေါင်းစည်းများ ဝတ်ဆင်လာခဲ့ကြရန် တောင်းဆိုခဲ့ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က အတည်ပြုပြောကြားခဲ့သည်။

 

ရောဂါကူးစက်ခံရသူဝန်ထမ်းများနှင့် ထိတွေ့သူများအား စစ်ဆေးရာတွင် negative ပြခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

အိမ်ဖြူတော်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ထရန့်နှင့် မိုက်ပန့်အပါအဝင် ၎င်းတို့၏ အနီးကပ် လက်ထောက်များက အများပြည်သူများအတွက် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းမရှိသည့်အတွက် ဝေဖန်လျက်ရှိခဲ့ကြသည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများက နှာခေါင်းစည်းများ တပ်ဆင်ကြရန် အကြံပြုခဲ့သော်လည်း

 

ထရန့်သည် ၎င်း၏ အနီးအနားမှ လူများကို စိတ်ချရသည့် အကွာအဝေးတစ်ခုမှ နေထိုင်ရန် ပြောခဲ့သဖြင့် ၎င်းအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ရန် မလိုကြောင်း ထရန့်က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်