ဒေါက်တာအေးမြတ်လွင်(ဟင်္သာတ)
၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့)မှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ သူနာပြုတက္ကသိုလ် ခန်းမမှာ “မိမိအတွက်၊ မိမိချစ်ခင်မြတ်နိုးသူများအတွက်၊ မိမိချစ်တဲ့ က္ဘာမြေ အတွက် ကင်ဆာကာကွယ်ဖို့၊ စောစီးစွာတွေ့ရှိဖို့ အိမ်ရှင်မတို့၏ အခန်းကဏ္ဍအလုပ်ရုံဆွေးနွေးပွဲ” ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဦးဆောင်စီစဉ် ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေး ရှင်းရဲ့ ဆောင်ရွက်မှုတွေကို မိတ်ဆက်ပြီးနောက် ရင်သား ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးနဲ့ အစာအိမ်ဟောင်း ကင်ဆာ၊ ခံတွင်းကင်ဆာတွေအကြောင်း ဗဟုသုတရနိုင်အောင်၊ ကြိုတင် ကာကွယ်နိုင်အောင် သက်ဆိုင်သူ ဆရာဝန်ကြီးများက ဟောပြောတင်ပြသွားကြပါတယ်။ ပါဝင်ဆွေးနွေးတက်ရောက် သူ အားလုံးကလည်း စိတ်ပါဝင်စားစွာနဲ့ နားထောင်ကြပါတယ်။
ကင်ဆာရောဂါကို ကာကွယ်နိုင်အောင်၊ ကြိုတင်ကုသ နိုင်အောင် အိမ်ရှင်မများရဲ့ အခန်းကဏ္ဍကို ဖွင့်လှစ်တဲ့ ဒီပွဲမှာ ဆက်လက်ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးများက မဖြစ်မနေ တစ်ထောင့်တစ်နေရာက ပါဝင်ကြတဲ့ အိမ်ထောင်ရှင် အမျိုး သားတို့ရဲ့ ကဏ္ဍကို ချန်လှပ်မထားဘဲ ထည့်သွင်းဆွေးနွေးခြင်း၊ ကာကွယ်နိုင်အောင် အစားအစာစားသုံးတဲ့ ကောင်းမွန်သော အလေ့အထ ရှိလာအောင် ဆွေးနွေးပေးခြင်း၊ ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပုံအကြောင်းများကို ဆက်လက် ဆွေးနွေးကြပါတယ်။
ကျွန်မဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ အိမ်ရှင်မများ အနေဖြင့် ကင်ဆာရောဂါကာကွယ်ရာမှာ မှန်ကန်သောဆုံးဖြတ် ချက်များ ချမှတ်လုပ်ဆောင် အောင်မြင်နိုင်ဖို့၊ စိတ်စွမ်းအား၊ စိတ်ခွန်အားတွေကို အသုံးချနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ လာရောက် နားထောင်သော အိမ်ရှင်မများသာ မဟုတ်ဘဲ အိမ်ရှင်မတိုင်းကို စိတ်ခွန်အားတွေ၊ စိတ်စွမ်းအားတွေ ရစေချင် လို့ မိမိဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ကောက်နုတ် တင်ပြပေးလိုက်ပါတယ်။
စိတ်ဆိုတာ
လူတိုင်း လူတိုင်း စိတ်နဲ့ ရုပ်က ဒွန်တွဲပြီး ဖြစ်ပေါ်နေပါတယ်။ စိတ်ပျိုကိုယ်နုသလို စိတ်ထောင်းရင်လည်း ကိုယ်ကြေကြပါ တယ်။ တစ်ခါတစ်ရံမှာ ကိုယ်မနှစ်မြို့တတ်တဲ့ အရာတွေနဲ့အတူ စိတ်ခံစားချက်တွေဟာ ကိုယ်နဲ့ ကိုယ်ချစ်တဲ့သူတွေနားကို မခေါ်ဘဲနဲ့ ရောက်လာတတ်သလို နှင်ထုတ်သည်ဖြစ်စေ၊ မနှင် ထုတ်သည်ဖြစ်စေ ဆက်လက်ခံစားနေကြရသလို ပြန်ထွက်သွား ရင်တောင် ကိုယ်တွေကတော့ ဆက်လက်ခံစားမြဲ ခံစားနေတာ တွေလည်း ရှိတတ်ကြပါတယ်။
အိမ်ရှင်မတို့ရဲ့ စိတ်ဓာတ်
အိမ်ရှင်မတာဝန်ယူပြီဆိုတဲ့ အမျိုးသမီးတွေဟာ ကိုယ်တိုင် အိမ်အတွက် စီမံကြပါတယ်။ အိမ်ကြီးအမြဲထာဝရရှင်သန်နေဖို့၊ အိမ်မှာနေတဲ့ မိသားစုဝင်တွေ ၊ အိမ်သူအိမ်သားတွေရဲ့ စားဝတ် နေရေးကို အဆင်ပြေစေဖို့ စိတ်ပါဝင်စားကြရပါတယ်။ စိတ်အား ထက်သန်စွာ ဆောင်ရွက်ကြပါတယ်။
မိသားစုဝင်တွေ ကျန်းမာပြီး အဆင်ပြေရင် ပျော်ရွှင် ကြည်နူးစိတ်ချမ်းသာပေမယ့် တစ်ဦးတစ်ယောက်များ နေမကောင်းရင်တော့ စိုးရိမ်ပူပန်စိတ်၊ ဝမ်းနည်းစိတ်၊ ခြေမကိုင် မိ လက်မကိုင်မိဖြစ်တဲ့အထိ သောကမီးတွေ တောက်လောင် တတ်ပါတယ်။ ဘာလုပ်ရမှန်းမသိအောင် စိတ်လှုပ်ရှားတတ်ပါ တယ်။ ဒါပေမယ့် ဒီလိုမျိုးကြုံလာရင် အိမ်ရှင်မတွေဆိုတာ အပူရုပ်ကို ဟန်လုပ်ပြီး အရေးမကြီးသလိုမျိုးနဲ့ စောင့်ရှောက် တတ်သလို တချို့သော အိမ်ရှင်မတွေကတော့ ဘာဆက်လုပ် ရမယ်ဆိုတာအတွက် မိမိရင်ဖွင့်လိုသော တခြားတစ်ယောက် ယောက်ထံ အကူအညီတောင်းခံဖို့ ရှာဖွေလိုစိတ် ရှိကြပါတယ်။ ရင်ဖွင့်တောင်းခံပြီးလည်း တစ်ဖက်လူရဲ့ အကြံပေးချက်ကို အမှားအမှန်မချိန်ဆနိုင်အောင် လိုက်ပါဆောင်ရွက်လိုစိတ် တွေနဲ့အတူဆောင်ရွက်ပြီး မိမိရဲ့ စိတ်သက်သာမှုကို ရှာဖွေ တတ်ကြပါတယ်။
လိုက်ပါဆောင်ရွက်ရင်း မိမိစိတ်ကို မိမိဖြေသိမ့်နိုင်အောင် ကြိုးစားတတ်ကြပါတယ်။ နေမကောင်းသူ အိမ်သားတွေကို လည်း မိမိပြဋ္ဌာန်းသလောက်နဲ့ အားပေးနှစ်သိမ့်တတ်ကြပါ တယ်။ ရောဂါသက်သာပျောက်ကင်းသွားရင် စိတ်အေးချမ်း သာမှုရပေမယ့် ဝေဒနာကို အလူးအလဲခံစားရတဲ့ မိသားစုဝင် တွေ၊ စိုးရိမ်ပူပန်စရာကောင်းတဲ့ မိသားစုဝင်တွေအတွက်တော့ စောင့်ရှောက်နိုင်စွမ်း မရှိလောက်အောင် ပဋိဒေဝသောကမီးကို ပြင်းပြင်းထန်ထန် ခံစားစိတ်ပူပင်တတ်ကြပါတယ်။
စိတ်ခံစားဖိစီးနေတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ စီမံခန့်ခွဲမှု ဟာလည်း ပြည့်စုံလုံလောက်မှု မရှိနိုင်တော့ဘူးဆိုရင် ကျန် မိသားစုဝင်တွေအတွက်လည်း အစစအရာရာ လိုအပ်ချက်တွေ ပေါ်လာတတ်ပါတယ်။ ဝေဒနာခံစားနေရသူကလည်း ဝေဒနာ ခံစားနေရင်း စောင့်ရှောက်ပေးသူကို ပြန်လည်အားပေးရတာ တွေ ရှိတတ်ကြပါတယ်။
အိမ်ရှင်မတွေကိုယ်တိုင် နေထိုင်မကောင်းဖြစ်တဲ့အခါ
မိမိကိုယ်တိုင် နေထိုင်မကောင်းဖြစ်တဲ့အခါမှာ အိမ်အလုပ် တွေလုပ်ဖို့၊ မိသားစုဝင်တွေအဆင်ပြေစေဖို့ဆိုတဲ့ ဇောနဲ့ မိမိကိုယ်မိမိ ဂရုမစိုက်နိုင်လောက်အောင် တာဝန်ကျေတတ် ကြပါတယ်။ ခဏတဖြုတ် ဝင်ရောက်လာတဲ့ ရောဂါဝေဒနာတွေ အတွက် ပြဿနာ မရှိတာကို အိမ်ရှင်မတွေက လက်ခံနိုင်စွမ်းရှိတတ်ကြပါတယ်။
စောစောစီးစီးကာကွယ်ဖို့လိုတဲ့ ရောဂါ၊ စောစောစီးစီး သိဖို့လိုတဲ့ ရောဂါတွေအကြောင်းကိုလည်း အိမ်ရှင်မတွေသိဖို့ လိုပါတယ်။ သိခဲ့ရင်တောင် တစ်ခါတစ်ရံ စစ်ဆေးလိုစိတ်၊ ချက်ချင်းကုသလို စိတ်မရှိကြပါဘူး။ သို့သော် စိတ်ပူပင်သောက ကိုတော့ ကြိတ်ခံစားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်တာဝန်မကျေမှာစိုးတာ၊ အိမ်သားတွေသိရင် စိတ်ပူမှာ စိုးတာ၊ မိမိကိုယ်တိုင် လက်ခံလိုစိတ် မရှိတာ၊ လက်မခံရဲတာတွေ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အသိနောက်ကျပြီး အပ်နဲ့ထွင်း ရမှာ ဆောက်နဲ့ထွင်းရတဲ့ ကိစ္စရပ်တွေကို ရင်ဆိုင်ကြရပါ တယ်။
ရောဂါဆိုတာ
ကာကွယ်လို့ရတဲ့ရောဂါ၊ ပျောက်ကင်းအောင် ကုသလို့ရတဲ့ ရောဂါ၊ ဆက်မတိုးအောင် ထိန်းထားလို့ရတဲ့ရောဂါ၊ နာတာရှည် ရောဂါ၊ လူတို့ရဲ့ နေထိုင်မှုပုံစံတွေနဲ့ ပတ်သက်တဲ့ရောဂါ စသည် တို့ ရှိကြပါတယ်။အိမ်ရှင်မတွေအပါအဝင် အိမ်ထောင်စုဝင်တွေလည်း ဘယ်ရောဂါပဲ ခံစားရခံစားရ မိသားစုစိတ်ဓာတ်ရှိသူများဖြစ် ကြလို့ ခံစားရတဲ့ရောဂါနဲ့အတူ စိတ်ဖိစီးမှုများကလည်း ပါဝင် ဒွန်တွဲခံစားကြရပါတယ်။
ရောဂါတိုင်းအတွက် ဆေးရှိပါတယ်။ စနစ်တကျ တာဝန်ယူ ကုသပေးနေတဲ့ ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်ပေး သူတွေ ရှိကြပါတယ်။ အနာနဲ့ဆေးမလွဲဖို့ ဆရာဝန်ဆရာမတွေမှာ သာ တာဝန်ရှိကြတာ မဟုတ်ပါဘူး။ လူတိုင်းကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိဖို့ မိမိတိို့ကိုယ်တိုင်လည်း တာဝန်ယူစိတ်ရှိဖို့၊ တာဝန်ယူဖို့လိုအပ်ပါတယ်။ အနာရှိရင် မှန်ကန်တဲ့၊ သက်ဆိုင်တဲ့ ကာကွယ်ကုသမှုကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လိုစိတ်ရှိတဲ့ အိမ်ရှင်မတွေဖြစ်ဖို့လိုပါတယ်။
ကင်ဆာနဲ့ပတ်သက်လာရင်
လူတွေဟာ ကင်ဆာဖြစ်မှာကို စိုးရိမ်ကြသလို ဖြစ်လာရင် လည်း အဆုံးစွန်တွေး၊ အဆုံးစွန်စဉ်းစား၊ အဆုံးစွန်ထင်တာတွေ အကောင်အထည်ဖော်ပြီး ထင်ရာစိုင်းတတ်ကြပါတယ်။
တကယ်တော့ စောစီးစွာ ကာကွယ်၊ စောစီးစွာကုသ၊ စောစီးစွာ လူနေမှုပုံစံတွေကို လက်ခံကျင့်သုံးလိုစိတ်၊ လက်ခံ ကျင့်သုံးမယ်လို့ ဆုံးဖြတ်လိုစိတ်တွေ ရှိဖို့လိုပါတယ်။
အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ်တိုင်အပါအဝင် မိသားစု ဝင်တွေကြား ကာကွယ်နိုင်တဲ့ လူနေမှုပုံစံတွေကို လိုက်နာကျင့် သုံးလိုစိတ်တွေထားရှိရင်း အိမ်မှာစီမံခန့်ခွဲချက်ပြုတ်စား သောက်မှုပုံစံတွေကို အလေ့အထဖြစ်အောင် ဆောင်ရွက်ဖို့လိုပါ တယ်။
ကိုယ်တိုင်မဖြစ်ခင် စောစီးစွာကာကွယ်လိုစိတ်၊ ဖြစ်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့စောစီးစွာ ကုသခံယူလိုစိတ်၊ တည်ငြိမ် စွာ ရင်ဆိုင်ဖြေရှင်းလိုစိတ်တွေကို ထားမယ်ဆိုရင် ရောဂါဖြစ်ဖို့ ဝေးသည်ထက် ဝေးသွားနိုင်ပါတယ်။ ရောဂါဖြစ်လာရင်လည်း မှန်ကန်တဲ့ ရုပ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေကို ခံယူနိုင်စွမ်းရှိခဲ့မယ်ဆိုရင် သက်ရှည် ကျန်းမာပျော်ရွှင်စွာနဲ့ မိသားစုဝင်တွေကို ဆက်လက်စောင့် ရှောက်နိုင်စွမ်းရှိလာမှာပါ။
မိသားစုဝင်အတွင်းမှာလည်း ကင်ဆာရောဂါမဖြစ်အောင် ဆိုတဲ့ စိတ်ဆန ́နဲ့ အတူစားသောက်နေထိုင်တတ်တဲ့ လူနေမှုပုံစံ ကို ဖော်ဆောင်နိုင်ဖို့ တာဝန်ရှိရပါ့မယ်။ မိသားစုဝင်အတွင်းမှာ တစ်စုံတစ်ဦးဦးက ဝေဒနာခံစားနေရပြီဆိုရင်လည်း စောစီးစွာ ကုသမှုခံယူဖို့၊ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ဖို့ အားပေးတတ် ရပါ့မယ်။
ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်သော အိမ်ရှင်မတို့ကဏ္ဍ
အထက်ပါအတိုင်း ကင်ဆာရောဂါကာကွယ်တားဆီး တိုက်ဖျက်ရေး အခန်းကဏ္ဍတွေမှာ အိမ်ရှင်မတို့က မိမိတို့ရဲ့ ကာယစွမ်းအား၊ Óဏစွမ်းအားတွေနဲ့ လုပ်ဆောင်နိုင်စွမ်းကဏ္ဍတွေကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ခဲ့ရင် အိမ်ရှင်မတို့ရဲ့ လိုက်နာဆောင်ရွက်ချက်တွေဟာ အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ် မိမိအတွက်၊ မိမိချစ်မြတ်နိုးသူတွေအတွက်၊ မိမိချစ်တဲ့ က္ဘာမြေအတွက် အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါ တယ်။ မြန်မာ့အလင်း