ခန္တီး ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ခန္တီးမြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ခန္တီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


