အိမ်ထောင်ပြုခြင်း၊ ချိန်းတွေ့ခြင်းနှင့် ရင်သားကင်ဆာ

ရေးသားသူ Kyaw Thura Htun

ဆေးပညာဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

အချစ်၊ မိသားစုနဲ့ လိင်မှုရေးရာတွေက လူ့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ ရင်သားကင်ဆာရှိတဲ့အမျိုးသမီးတွေအတွက်ကတော့ ချိန်းတွေ့ခြင်းနဲ့ အိမ်ထောင်ပြုခြင်းအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ရင်သားကင်ဆာလူနာတစ်ယောက်အနေနဲ့ သင်သာမန်လူတစ်ယောက်လိုနေနိုင်ဖို့ ထိုက်တန်တယ်ဆိုတာ သင်သိချင်သိပါလိမ့်မယ်။ ပြောင်းလဲမှုတစ်ချို့သာလိုတာပါ။

 

ရင်သားကင်ဆာက အိမ်ထောင်ရေးအပေါ်ထိခိုက်နိုင်လား ?

လက်ထပ်ပြီးသားလူတွေက ရင်သားကင်ဆာကနေရှင်သန်ကြတာများပါတယ်။

 

လေ့လာမှုတွေအရ လက်ထပ်ပြီးသားအမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာကို ပိုတိုက်ခိုက်နိုင်ကြတာတွေ့ရပါတယ်။ ဒါကိုရှင်းပြလို့ရပါတယ်။ သင့်မှာ သင့်ကိုချစ်တဲ့သူတွေ သင့်မိသားစုတွေရှိပြီး သူတို့ကသင့်ကို ကူညီထောက်ပံ့ပေးမှာမို့လို့ပါပဲ။ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးခြင်းက သင်ကကုသမရတဲ့ရောဂါနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အကောင်းဆုံး ကူညီထောက်ပံ့မှုပါပဲ။

 

သင့်ရဲ့အိမ်ထောင်ဖက်က သင်နဲ့အတူ ဆရာဝန်ချိန်းဆိုမှုတွေ အတူသွားပြီး မှတ်စုတွေမှတ်ခြင်း၊ သင်သတိထားသင့်တာတွေကိုသတိပေးခြင်းအပြင် သင့်ကိုကန်းမာဖို့ စီစဉ်ပေးနိုင်ပါတယ်။ သူတို့က သင့်ကို အိမ်မှုရေးရာတွေမှာလည်း ကူညီနိုင်ပါတယ်။ ဥပမာ–ချက်ပြုတ်ခြင်း၊ ဈေးသွားခြင်း၊ ရင်သားကင်ဆာကို တိုက်ခိုက်ရာမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

 

သင်အိမ်ထောင်မရှိသူလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်

သင်သိထားရမှာက လူတိုင်းက သင့်တိုက်ပွဲကို မပါဝင်နိုင်ပါဘူး။ တကယ်လို့သင်လက်ထပ်ထားရင် အိမ်တွင်းရေးအဆင်မပြေမှုတွေ ကြုံရပြီးနောက်ဆုံး အိမ်ထောင်ကွဲတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါကသင်တို့ဆက်ဆံရေးက ထင်သလောက်မခိုင်မြဲတာကြောင့်လည်း ပါပါလိမ့်မယ်။ တကယ်လို့သင်က အိမ်ထောင်မရှိသူဆိုရင် သင့်ကိုယ်ပိုင်မိသားစုကိုရဖို့ ခက်ခဲပါလိမ့်မယ်။

 

သင့်အနေနဲ့ ဒီအချက်တွေကို လက်ခံနိုင်ရပါမယ်။ ဒါပေမယ့် ဘဝကိုလက်မလျှော့လိုက်ပါနဲ့။ သင့်မှာ တခြားဂရုစိုက်စရာတွေ ရှိပါသေးတယ်။ သင့်မိဘတွေ၊ ကလေးတွေ၊ သူငယ်ချင်းတွေ၊ အလုပ်နဲ့ တခြားသင်စိတ်ဝင်စားတာတွေ ရှိပါသေးတယ်။

 

ရင်သားကင်ဆာဝေဒနာရှင်တွေအတွက် ချိန်းတွေ့ခြင်း

ချိန်းတွေ့တာကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမယ့် သင့်မှာရင်သားကင်ဆာရှိနေရင်တော့ သင့်အနေနဲ့ ဖိတ်ခေါ်မှုကိုလက်ခံသင့်လား မခံသင့်လားစဉ်းစားရပါတော့မယ်။ အောက်က အချက်လေးတွေက သင့်ကိုကူညီပါလိမ့်မယ်။

 

သင့်ကိုယ်သင်ချစ်ပါ

သင့်မှာရင်သာကင်ဆာရှိတဲ့အခါ သင့်ပုံပန်းသွင်ပြင်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သင့်ကိုယ်သင် ယုံကြည်မှုပျောက်ဆုံးနိုင်ပါတယ်။ ဘေးလူတွေ သင့်ကိုဘယ်လိုမြင်လဲ ဂရုမစိုက်ပါနဲ့။ သင့်မှာရှိတာကို သင်ချစ်ပါ။ သင့်ကိုယ်သင်မှမချစ်ရင် ဘယ်သူမှ သင့်ကိုမချစ်နိုင်ပါဘူး။

 

ရိုးသားပါ

သင့်အခြေအနေထက် သင့်အကြောင်းပိုပြောပြပါ။ တကယ်လို့သူက သင့်ကိုလက်ခံမယ့်ပုံမမြင်ရင် သူ့ကိုသင့်သူငယ်ချင်း လုပ်လိုက်ပါ။ တကယ်လို့ နှစ်ယောက်လုံးက ဆက်ဆံရေးတစ်ခုကို အတည်တကျဖြစ်ချင်တယ်ဆိုရင်တော့ သင့်ရင်သားကင်ဆာအကြောင်းကို အတွင်းကျကျပြောပြပြီး သင်ဘယ်လိုဖြတ်ကျော်နေရလဲ သူသိအောင်လုပ်ပါ။

 

သင့်အဖော်နေရာကနေ ခံစားကြည့်ပါ

တကယ်လို့သင်က ကင်ဆာရှိတဲ့သူတ်ယောက်ကို ချိန်းတွေ့နရတယ်ဆိုရင် သူတို့ကျန်းမာရေးအခြေအနေကို သိပြီးတောင်မှ သင်သူတို့ကိုချစ်ဦးမှာလား ? ဆုံးဖြတ်ချက်တွေအားလုံးမှာ သူ့အကြောင်းပြချက်နဲ့ သူရှိပါတယ်။ သင့်မေခွန်းအတွက် သင့်ကိုယ်ပိုင်အဖြေတစ်ခုရမှာပါ။

 

မကောင်းမမြင်ပါနဲ့

နောက်ဆုံးမှာ ဒီတိုက်ပွဲအတွက် သင်တစ်ယောက်တည်း ကျန်ခဲ့ပါလိမ့်မယ်။ အကောင်းမြင်တတ်ပါ။ သင့်ဘဝမှာ သင်လုပ်နိုင်တဲ့ ပျော်စရာတွေအများကြီးရှိပါသေးတယ်။ သင့်မိသားစုတွေ၊ သူငယ်ချင်းတွေ၊ အပေါင်းအဖော်တွေ ရှိပါသေးတယ်။ သင့်ရဲ့ လက်ရှိဘဝက ဆက်သွားနေမှာပါ။ သင်တစ်ခါပဲ အသက်ရှင်တယ်ဆိုတာ သတိရထားပါ။ (YOLO, you only live once !!)

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"