ဘန်ဒါဆီရီဘိဂါဝန် ၈ မေ
ဘရူနိုင်းနိုင်ငံ၌ အိမ်ထောင်ရေး ဖောက်ပြန်သူများနှင့် လိင်တူချစ်သူများကို မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ကာ ပြစ်ဒဏ်ပေးမည့် အစီအစဉ်ကို ဘရူနိုင်းဘုရင် စူလ်တန်ဟာဆာနယ်လ် ဘိုကီယာက ယာယီရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ ကြီးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက်တွင် ယင်းပြစ်ဒဏ်ကို ယာယီရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။ အရှေ့တောင်အာရှနိုင်ငံများ အသင်း၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဘရူနိုင်း ဘုရင်မင်းမြတ် ဟာဆာနယ်လ် ဘိုကီယာသည် အစ္စလာမ္မစ်ဥပဒေကို နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေသစ်အတွင်းသို့ အပြည့်အဝ ထည့်သွင်းရန် ကြိုးပမ်းနေသော်လည်း သေဒဏ်ပေးသည့် ပြစ်ဒဏ်ယာယီရွှေ့ဆိုင်းမှု အချိန်ကာလကို ထပ်တိုးရန် ကြိုးပမ်းလျက်ရှိသည်
ရှာရီယာ ဥပဒေအကောင်အထည် ဖော်ခြင်းနှင့် စပ်လျဉ်း၍ ပေါ်ထွက်လာသည့် အထင်အမြင် လွဲမှားခြင်းများနှင့် မေးခွန်းပေါင်း မြောက်မြားစွာကို သတိပြုနေရကြောင်း စူလ်တန်ဟာဆာနယ်လ် ဘိုကီယာက ပြောကြားခဲ့သည်။ သို့သော်လည်း အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းပြီးသွားချိန် ရောက်သည့်အခါ ယင်းဥပဒေကို အထင်အရှားဖြစ်စေမည်ဖြစ်ကြောင်း ဘုရင်မင်းမြတ်က အလေးအနက် ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ