နေပြည်တော် ၁၉ ဇန်နဝါရီ 

 

ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးကျေးရွာ၌ တက်ရှိန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ် (HOME VISIT)ဖြင့် တစ်အိမ်တက်ဆင်း မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အား မှုခင်းအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။     


     
MDN