နေပြည်တော် ၅ ဇွန်

အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution)

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွားစေပါသည်-

- လတ်တလောတွင် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်း၊

- ကာလကြာရှည်စွာထိတွေ့ပါက ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်အဆုတ်ပွရောဂါ၊ နှလုံးသွေးကြောရောဂါများကို ပိုမိုဆိုးရွားစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာတို့ ဖြစ်ပွားကာ အရွယ်မတိုင်မီ သေဆုံးခြင်းအထိ ဖြစ်နိုင်ပါသည်။ 

အထူးသဖြင့် အိမ်တွင်းရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများတွင် ပိုမိုအန္တရာယ်ရှိပါသည်။ 

အိမ်တွင်းလေထုညစ်ညမ်းမှုကို မိသားစုအတွင်း ကြိုတင်ကာကွယ်နိုင်ပါသည်။

ရှောင်ရန်

-    အိမ်တွင်းဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။ 

-    အိမ်တွင်းမီးစက်မောင်းခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ 

-    အမွှေးတိုင်ထွန်းညှိခြင်းနှင့် ခြင်ဆေးခွေထွန်းခြင်းတို့ကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ 

-    အန္တရာယ်ကင်းအောင် ပြုပြင်ထားခြင်းမရှိသော မီးသွေး၊ ထင်းလောင်စာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ 

ဆောင်ရန်

-    မီးဖိုဆောင် လေဝင်လေထွက် ကောင်းမွန်အောင် ထားရှိခြင်း၊ ပြူတင်းပေါက်ဖွင့်ခြင်း (သို့မဟုတ်) လေစုပ်ပန်ကာများတပ်ဆင်ခြင်း၊

-    အိမ်တွင်း၊ ရုံးတွင်းသန့်ရှင်းရေးလုပ်ရာတွင် တံမြက်စည်းအစား စိုစွတ်သော ကြမ်းတိုက်တံကို အသုံးပြုခြင်းတို့ဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန