ပဲခူး ၃၁ ဇန်နဝါရီ


ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာတွင် ကာလတိုသက်မွေးပညာ သင်တန်းများဖြစ်သည့် အိမ်တွင်း လျှပ်စစ် ဝါယာသွယ်တန်းခြင်း သင်တန်းနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမိုးကျော်သူနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ကြသည်။


အဆိုပါ သင်တန်းအား  ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးမြို့နယ် မိုးယွန်းကြီးအင်းဒေသရှိ ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်း ပညာတက်မြောက်ပြီး စီးပွားရေး ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၅ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး  အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်း သင်တန်း၌ သင်တန်းသား ၁၆ ဦး၊  မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှု သင်တန်းတွင် သင်တန်းသာ(၁၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်စိုး(ပဲခူး)