နေပြည်တော် ဇွန် ၂၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည်  ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ်ကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ) လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာ ချက်ပြုတ်နည်းသင်တန်း နှင့် ပန်းအလှပြင် သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းအမှတ်စဉ် ရှစ်ခု၊ အမှတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက် ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင် အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျောင်းအခြေပြုသင်တန်း အမှတ်စဉ်(/၂၀၂၂) ကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၂၂ ရက် အထိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း  ၁၀ ကျောင်း၌ ဇွန် ၂၃ ရက်အထိ သင်တန်းသား သင်တန်းသူ ၅၂၁ ဦးနှင့် စနေ၊ တနင်္ဂနွေ အထူးသင်တန်းများတွင် သင်တန်းသား သင်တန်းသူ ၇၀  စုစုပေါင်း ၅၉၁ ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်