၁၁ ဧပြီ

 

ယနေ့ကြာသပတေးနေ့တွင် အိန္ဒိယအထွေထွေရွေးကောက်ပွဲ  စတင်မည်ဖြစ်ကြောင်း သိရသည်။

 

မိုဒီ၏ အာဏာရပါတီသည် အငြင်းပွားခဲ့သော ကက်ရှမီးယားဒေသနှင့် ပတ်သက်ပြီး အိမ်နီးချင်း ပါကစ္စတန် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုဖြစ်ပွားသောကြောင့် နိုင်ငံလုံခြုံရေးအပေါ် အဓိက အာရုံစိုက်ထားဖို့ ကတိပြုထားကြောင်း သိရသည်။

 

mdn

 

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း နယ်စပ်အငြင်းပွားမှု ဖြစ်နေကြောင်း    ဖော်ပြထားသည်။ 

 

လယ်သမားများကို ကူညီပံ့ပိုးခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းကို ဖြေရှင်းခြင်းတို့သည် ကွန်ဂရက်ပါတီ ၏ ထိပ်တန်းဦးစားပေးလုပ်ဆောင်ချက် ဖြစ်ကြောင်း သိရသည်။

 

သဘောထားကောက်ယူမှု စစ်တမ်းအရ လက်ရှိတွင် ပါလီမန်အမတ်အများစုရှိသော မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ သည်  နေရာအနည်းငယ် ပျောက်ဆုံးမည်ဟု ဒေသခံ မီဒီယာ က ဖော်ပြထားသည်။

 

mdn

 

ရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို ခုနှစ်ဆင့် ပြုလုပ်မည်ဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင်  အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

 

ဘာသာပြန်- မြင့်မြင့်ချို

ကိုးကား-အန်အိတ်ချ်ကေ