၂၃ မေ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ပြီးနောက် ရွေးကောက်ပွဲဆန္ဒမဲရေတွက်မှု ယနေ့စတင်လုပ်ဆောင်နေကြောင်း သိရသည်။
နာရန်ဒရာ မိုဒီသည် ၂၀၁၄ ခုနှစ် ကတည်းက ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး မိုဒီ ၏ Bharatiya Janata Party( BJP) ပါတီနှင့် ၎င်း၏ မဟာမိ်တ်များသည် မဲအများစုရနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။
ဆန္ဒမဲပေးခြင်းကို မဲဆန္ဒနယ် ၅၄၂ ခုတွင် ဧပြီလ ၁၁ ရက်နေ့ကတည်းက အဆင့်ခုနစ်ဆင့် ပြုလုပ်ခဲ့သည်။
မိုဒီ ၏ BJP ပါတီနှင့် အဓိက အတိုက်အခံပါတီဖြစ်သော ရာဟူး ဂန္ဒီ ခေါင်းဆောင်သည့် ကွန်ဂရက်ပါတီတို့သည် အဓိက ယှဉ်ပြိုင်နေရသည့် ပါတီများဖြစ်သည်။
အရေးပါသော အိန္ဒိယမီဒီယာက ဆန္ဒမဲထည့်ပြီးသူများနှင့် တွေ့ဆုံမေးမြန်းခန့်မှန်းသော မဲအခြေအနေအရ BJP ပါတီနှင့် ၎င်း၏ မဟာမိတ်များ မဲအနိုင်ရနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
ယနေ့ အဆိုပါရွေးကောက်ပွဲ အနိုင်အရှုံး ထုတ်ပြန်ချက်ကို မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို