၁ စက်တင်ဘာ
အိန္ဒိယ သမ္မတဟောင်း၊ နိုင်ငံရေး ထိန်းညှိပေးသူ ပရာနက် မူခါဂျီ (အသက် ၈၄ နှစ်) ဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့ကြောင်း မိသားစုက အတည်ပြု ပြောကြားပါတယ်။ ကွယ်လွန်ချိန်မှာ မစ္စတာ မူခါဂျီဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသလို တခြားရောဂါတွေလည်း ခံစားနေခဲ့ရကြောင်း သိရပါတယ်။
၁၉၆၀ ခုနှစ်မှာ မစ္စတာ မူခါဂျီဟာ ကွန်ဂရက် ပါတီကို ဝင်ရောက်ခဲ့ပါတယ်။
မူခါဂျီဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် မာမိုဟန်ဆင်းရဲ့ ညာလက်ရုံး ဖြစ်ခဲ့ပါတယ်။ မူခါဂျီဟာ နိုင်ငံရေးသမား ဘဝကို နှစ်ပေါင်း ၅၁ နှစ် ကျင်လည်ခဲ့ရာ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့သလို ပါတီတွင်းမှာလည်း စွမ်းဆောင်ရည်ရှိတဲ့ ညှိနှိုင်းရေး သမားအဖြစ် လူသိများခဲ့ပါတယ်။
မူခါဂျီ ဟာ သမ္မတ တာဝန်ကို ၂၀၁၂ - ၂၀၁၇ ခုနှစ်အထိ ငါးနှစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မူခါဂျီဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အဖွဲ့အစည်းမှာလည်း တာဝန် ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။
ပြိုင်ဘက် BJP ပါတီရဲ့ လက်ရှိ ဝန်ကြီးချုပ် မိုဒီက မူခါဂျီဟာ ထူးချွန်တဲ့ ပညာရှင်၊ နိုင်ငံရေးသမား ဘဝမှာ အားကျစရာကောင်းသူ၊ အိန္ဒိယနိုင်ငံအတွက် တိုးတက်မှုတွေမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ မုဒိတာ စကားကို တွစ်တာမှာ ရေးသားပါတယ်။
လက်ရှိ သမ္မတ ရမ် နက် ကိုဗင်းဒ် ကလည်း မူခါဂျီဟာ နိုင်ငံသားတွေရဲ့ဘဝ တိုးတက်ရေးကို အစွမ်းကုန် လုပ်ဆောင်ခဲ့သူလို့ ချီးမွမ်း ထောပနာပြုထားပါတယ်။
MDN
ကိုးကား-AFP
