၁၂ ဩဂုတ်

 

 

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦးနှင့် စစ်သွေးကြွတစ်ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ နွေရာသီမြို့တော် ဆင်းနာဂါမြို့တောင်ဘက် ၃၈ ကီလိုမီတာအကွာ ပူဝါမာခရိုင် ကမ်ရာဇီပိုရာ ကျေးရွာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

 

 

ချေမှုန်းရေးရိုင်ဖယ် တစ်လက်နှင့် ခဲယမ်းမီးကျောက်တို့ကို ပြန်လည်ရရှိခဲ့ပြီး ရှာဖွေစစ်ဆင်ရေးလုပ်ငန်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ရာဂျက်ရှ် ကာလီယာက ပြောကြားခဲ့သည်။

 

 

ထိုဒေသတွင် စစ်သွေးကြွများ ရှိနေကြောင်း တိကျသော ထောက်လှမ်းရေး သတင်းများ ရရှိသဖြင့် စစ်ဆင်ရေး စတင်လုပ်ဆောင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အဆိုပါ  တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

 

၁၉၈၉ နှစ်ကတည်းက ထိုဒေသတွင် စစ်သွေးကြွများနှင့် အိန္ဒိယတပ်များအကြား ပြောက်ကျားစစ်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို