၁၂ ဩဂုတ်
ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလာရူမြို့သို့ သွားရောက်နေသော ဘတ်စ်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး ငါးဉီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ခရီးသည် ၃၂ ဉီးခန့် လိုက်ပါလာသည့် ပုဂ္ဂလိပိုင် ဘတ်စ်ကား တစ်စီးမှာ အင်ဂျင်တွင်းရှိ လျှပ်စီးပတ်လမ်းကြောင်း တစ်ခုကြောင့် ဟီရီယူခရိုင်ခွဲ၌ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထုတ်ပြန်ချက်ထဲတွင် သေဆုံးသူများမှာ ကလေးငယ် နှစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ပါဝင်ပြီးနောက် ဒဏ်ရရှိသူများကို ခရိုင်ဆေးရုံသို့ ပြောင်းရွေ့ပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့နောက် ဘတ်စ်ကားမောင်းသူမှာ ကားကိုထား၍ ထွက်ပြေးသွားခဲ့ကြောင်း တာဝန်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။
မီးလောင်ရသော အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်