အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင် နှစ်ဖက်တပ်များ ပဋိပက္ခဖြစ်ပွားမှုကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးကြောင်း အိန္ဒိယစစ်တပ် ထုတ်ပြန်

၁၇ ဇွန်

 

နျူကလီးယားပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံက စစ်တပ်တွေဟာ နှစ်နိုင်ငံနယ်စပ် ဟိမဝန္တာဒေသအနီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့ရာ စစ်သား အယောက် ၂၀ သေဆုံးကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

နယ်စပ်မျဉ်းပေါ်က တိုက်ခိုက်မှုအတွင်းမှာ သေနတ်ကို အသုံးမပြုကြဘဲ တုတ်၊ သံချွန်၊ ဝါးချွန်စတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး တနင်္လာနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ကြတာလို့ သိရပါတယ်။

 

အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ နှစ်ဖက် စစ်တပ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ ပြောပေမယ့် တရုတ်နိုင်ငံဘက်ကတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

 

အိန္ဒိယစစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အရာရှိတစ်ဦးနဲ့ စစ်သားနှစ်ဦး သေဆုံးတယ်လို့ ဆိုပေမယ့် ခိုက်ရန်ဖြစ်မှုအတွင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်းနဲ့ အဲဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့အတွက် တာဝန်ထမ်းဆောင်ရင်း တပ်သား  အယောက်၂၀ ထပ်မံသေဆုံးခဲ့ကြောင်း ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

 

နှစ်နိုင်ငံစစ်တပ်ကြားမှာ သေနတ်သံမကြားခဲ့တာ နှစ်ပေါင်း ၄၀ ရှိပြီလို့ သိရပါတယ်။  ကုလသမဂ္ဂက နှစ်နိုင်ငံလုံးကို ထိခိုက်မှု အနည်းဆုံးလုပ်ဆောင်ရန် တိုက်တွန်းထားသလို အမေရိကန်နိုင်ငံက နှစ်ဖက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

 

MDN

ကိုးကား - AFP